အိပ်မက်ကျမ်း
ပင်မ
အိပ်မက်
ဆရာ
စကားဝိုင်း
ဝင်ရန်
ပင်မ
အိပ်မက်
ဆရာ
စကားဝိုင်း
‹ အိပ်မက်အဘိဓာန်
အသားလှုပ်နိမိတ်
ရှာဖွေမည်
ကျောကုန်းလှုပ်မူ
အဝတ်ရမည်။
›
ကိုယ်လှုပ်မူ
မယားနှင့်အတူ စကားဆိုရမည်။
›
ခါးလှုပ်မူ
ဥစ္စာပျောက်မည်။
›
ချက်လှုပ်မူ
နှစ်လိုဖွယ်သော ဥစ္စာ ရမည်။
›
ထိပ်လှုပ်မူ
မင်းပူဇော်ခံရမည်။
›
နှာခေါင်းလှုပ်မူ
ချစ်သူများမည်။
›
နှလုံးသားလှုပ်မူ
ခင်ပွန်းကောင်းတစ်ယောက် ဥစ္စာပေးလာမည်။
›
မေးဖျားလှုပ်မူ
အချင်းများမည်။
›
လည်ပင်းလှုပ်မူ
တန်ဆာဆင်ရမည်။
›
အထက်နှုတ်ခန်းလှုပ်မူ
ရန်ဖြစ်မည်။
›
အောက်နှုတ်ခန်းလှုပ်မူ
အဝေးစကားပြောကြားရမည်။
›
အင်္ဂါဇာတ်လှုပ်မူ
မယားနှင့်စကားများမည်။ ဥစ္စာရမည်။
›
ဦးခေါင်းလှုပ်မူ
ကျွန်ဖြစ်မည်။
›
ဦးရေလှုပ်မူ
နာဖျားမည်။
›
လက်ယာ ဦးကင်းလှုပ်မူ
လာဘ်ရမည်။
›
လက်ယာ မျက်ခုံးလှုပ်မူ
လာဘ်ရမည်။ ခင်ပွန်းပူဇော်မည်။
›
လက်ယာအောက်မျက်ခမ်း လှုပ်မူ
ချစ်သူတွေ့မည်။
›
လက်ယာနား လှုပ်မူ
မျက်လိုရမည်။ မိန်းမ မကောင်းကြံခြင်းခံရမည်။
›
လက်ယာနှုတ်ခမ်းလှုပ်မူ
ချစ်သူနှင့် စကားပြောရမည်။
›
လက်ယာပါးလှုပ်မူ
ချစ်သူကို တွေ့ရမည်။
›
လက်ယာလက်ပြင်လှုပ်မူ
ထင်ရှားမည်။
›
လက်ယာပခုံးလှုပ်မူ
မိန်းမကောင်းရမည်။
›
လက်ယာချိုင်းလှုပ်မူ
ချမ်းသာမည်။
›
လက်ယာလက်ရုံးလှုပ်မူ (ခင်ပွန်း)
ခင်ပွန်းကောင်းတွေ့မည်။
›
လက်ယာလက်ရုံးလှုပ်မူ (အဝတ်အစား)
အဝတ်အစားရမည်။ အကြံအစည်ပြီးမည်။
›
လက်ယာရင်ဘက်လှုပ်မူ
ကောင်းမည်။
›
လက်ယာနို့လှုပ်မူ
လာဘ်ရမည်။
›
လက်ယာနံစောင်းလှုပ်မူ
ပူဇော်ခံရမည်။
›
လက်ယာခါးလှုပ်မူ
အဆွေခင်ပွန်း ထံမှ ဥစ္စာရမည်။
›
လက်ယာဝမ်းပျဉ်းလှုပ်မူ
အစားကောင်း စားရမည်။
›
လက်ယာဦးစက်လှုပ်မူ
ပူဇော်ခံရမည်။
›
လက်ယာလက်သန်းလှုပ်မူ
အမိမျက်မည်။
›
လက်ယာပေါင်သားလှုပ်မူ
လိုရာ ပြည့်စုံမည်။ မယားရမည်။
›
လက်ယာပုဆစ်ခေါင်းလှုပ်မူ
ချစ်သူတွေ့မည်။
›
လက်ယာမြင်းခေါင်းလှုပ်မူ
ချစ်သူတွေ့မည်။
›
လက်ယာခြေဖဝါးလှုပ်မူ
ခရီးသွားရမည်။
›
လက်ဝဲ ဦးကင်းလှုပ်မူ
မကောင်းသတင်းကြားရမည်။
›
လက်ဝဲ မျက်ခုံးလှုပ်မူ
ကြံတိုင်းပြီးမည်။ မိတ်ဆွေကောင်းတွေ့မည်။
›
လက်ဝဲ အောက်မျက်ခမ်းလှုပ်မူ
ငိုရမည်။
›
လက်ဝဲနားလှုပ်မူ
လာဘ်ရမည်။ သူ နှစ်လိုမည်။
›
လက်ဝဲပါးလှုပ်မူ
ရွှေငွေရမည်။
›
လက်ဝဲနှုတ်ခမ်းလှုပ်မူ
အဝေးစကားကြားရမည်။ မျက်လိုရမည်။
›
လက်ဝဲပခုံးလှုပ်မူ
ဥစ္စာပို့လာမည်။ အစားပေါမည်။ မျက်လိုရမည်။
›
လက်ဝဲချိုင်းလှုပ်မူ
ဥစ္စာပေးလာမည်။
›
လက်ဝဲလက်ဝါးလှုပ်မူ
အမှုအောင်မည်။
›
လက်ဝဲရင်ဘက်လှုပ်မူ
အပူရှိမည်။
›
လက်ဝဲနံလှုပ်မူ
မိတ်ဆွေတွေ့ရမည်။
›
လက်ဝဲနံတောင်းလှုပ်မူ
မင်းပူဇော်ခံရမည်။
›
လက်ဝဲခါးလှုပ်မူ
ဥစ္စာပျောက်မည်။
›
လက်ဝဲဝမ်းပျဉ်းလှုပ်မူ
လာဘ်ရမည်။
›
လက်ဝဲဆီးစက်လှုပ်မူ
အမိမျက်မည်။
›
လက်ဝဲတင်သားလှုပ်မူ
အိမ်တွင်းသူနှင့် မျက်လိုရမည်။
›
လက်ဝဲမြင်းခေါင်းလှုပ်မူ
မိန်းမနှင့် မျက်လိုရမည်။
›
လက်ဝဲဒူးဆစ်လှုပ်မူ
သူ ကြံစည်မည်။
›
လက်ဝဲဖဝါးလှုပ်မူ
ထဘီဝတ်ချမ်းသာမည်။
›
အရှေ့ဘက်မှ
ပျားသည် အရှေ့ဘက်မှ လာ၍စွဲမူ စီးပွားပျက်တတ်သည်။
›
အနောက်ဘက်မှ
ပျားသည် အနောက်ဘက်မှ လာ၍စွဲမူ လာဘ်ရတတ်သည်။
›
တောင်ဘက်မှ
ပျားသည် တောင်ဘက်မှ လာ၍စွဲမူ သောကရောက်တတ်သည်။
›
မြောက် နှင့် အရှေ့မြောက်
ပျားသည် မြောက်ဘက်မှ လာ၍စွဲမူ စီးပွားပျက်တတ်သည်။ ပျားသည် အရှေ့မြောက်မှ လာ၍စွဲမူ အများပူဇော် ခံရတတ်သည်။
›
အရှေ့တောင် နှင့် အနောက်မြောက်
ပျားသည် အရှေ့တောင်ဘက်မှလာ၍စွဲ အကြံအစည်အောင်တတ် သည်။ ပျားသည် အနောက်မြောက်မှ လာ၍စွဲမူ ဥစ္စာပစ္စည်းတိုးပွား တတ်သည်။
›
အနောက်တောင် နှင့် အိမ်၏ အောက်ပိုင်း
ပျားသည် အနောက်တောင်မှ လာ၍စွဲမူ ဘေးတွေ့တတ်သည်။ ပျားသည် အိမ်၏အောက်ပိုင်းမှ လာ၍စွဲမူ စီးပွားတိုးတက် တတ်သည်။
›
လှေကားအောက် နှင့် အိမ်သာ
ပျားသည် လှေကားအောက်၌ လာ၍စွဲမူ ပျက်စီးတတ်သည်။ ပျားသည် အိမ်သာ၌ လာ၍စွဲမူ သောကရောက်တတ်သည်။
›
အိမ်တံခါး
ပျားသည် အိမ်တံခါး၌ လာ၍စွဲမူ လာဘ်ရတတ်သည်။
›
ပုဆိုးအဝတ်
ပျားသည် ပုဆိုးအဝတ်၌ လာ၍စွဲမူ မြတ်သော စည်းစိမ်ကိုရတတ်သည်။
›
အိပ်ရာ
ပျားသည် အိပ်ရာ၌ လာ၍စွဲမူ ချမ်းသာတတ်သည်။
›
တင်းကုပ်
ပျားသည် တင်းကုပ်၌လာ၍စွဲမူ စွပ်စွဲခံရတတ်သည်။
›