က နှင့်ပတ်သက်သော အိပ်မက်များ
အိပ်မက်အဓိပ္ပါယ်များ
- ကွမ်းရွက်၊ သစ်ရွက် စားရသည်ဟု မြင်မက်မူ ပုဆိုးကောင်း၊ အဝတ်ကောင်းရအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- ကွန်းစင်အခေါင် တက်ရသည်ဟု မြင်မက်မူ အကြီးအကဲ ဖြစ်အံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- ကျက်ပြီးသား လူသားကိုလည်းကောင်း၊ လူ၏လက်ရုံးသားကို လည်းကောင်း စားရသည်ဟု မြင်မက်မူ ထီပေါက်အံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- ကြွယ်ဝသောသူကို မြင်မက်မူ ကောင်းကျိုးရောက်အံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- ကုန်းကိုတက်ပြီးမှ ကျင်းသို့ဆင်း၍ ခေါင်းဆေးရသည်ဟု မြင်မက် မူ ဘုန်တန်းခိုးကြီးအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- ကျားကို မြင်မက်မူ မကောင်း။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- ကျားစွယ်၊ မိကျောင်းစွယ်ကို ရင်ခွင်ပိုက်ရသည်ဟုမြင်မက်မူ အများတက် ထူးချွန်သူ ဖြစ်ရ၏။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- ကခုန်မြူးတူးရသည်ဟု မြင်မက်မူ မကောင်း။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- ကြက်၊ ငှက်တို့၏အတောင်များကို စားရသည်ဟု မြင်မက်မူ ချမ်းသာရအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- ကြက်ချင်းခွပ်သည်ဟု မြင်မက်မူ တရားတွေ့ရအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- ကျောက်ဖျာကို မျိုရသည်ဟု မြင်မက်မူ ကျေးဇူးသတင်းပျံ့နှံ့ခြင်း ဖြစ်အံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- ကျောက်ဖျာထက်နေရသည်ဟု မြင်မက်မူ အလွန်ကောင်းအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- ကျောက်ဖျာအိမ်မိုးမြင်မက်မူ အများသခင်ဖြစ်ရအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- ကောင်းကင်ပျံတက် တံခွန်လွှားမြင်မက်မူ ထင်ရှားရအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- ကောင်းကင်၌တည်ရှိသော ပြာသာဒ်တို့တက်၍ ကာမဂုဏ် ခံစား ရသည်ဟု မြင်မက်မူ အကြီးအမှူးဖြစ်ရအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- ကောင်းသော အခြင်းအရာဖြင့် မြွေကို မြင်မက်မူ ပြိတ္တာ၊ သရဲ၊ သဘက်တို့ ကျေးဇူးပြုအံ့။ ကောင်းသော အခြင်းအရာဖြင့် လင်းတ ကို မြင်မက်မူ ဇော်ဂနီနတ်ချစ်ရအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- ကိုယ်မှာ အကြောင်အကြားရှိသည်ဟု မြင်မက်မူ မယားကောင်း ရအံ့။ ကိုယ်အမွေးရှည်သည်ကို မက်မူ လာဘ်ကြီးရအံ့။ ကိုယ်ရောင် တောက်ပသည်ဟု မြင်မက်မူ တန်ခိုးကြီးအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- ကိုယ်ခန္ဓာပုပ်သည်ဟု မြင်မက်မူ တန်ခိုးကြီးအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- ကိုယ်ပေါ်သို့ လောက်တက်သည်ဟု မြင်မက်မူ ဥစ္စာရအံ့။ ကျေးကျွန်၊ ကျွဲ၊ နွားသော် ရအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- ကျင်ငယ်စွန့်ရသည်ဟု မြင်မက်မူ ဂုဏ်သရေလျှောအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- ကျင်ကြီးစွန့်သည်ဟု မြင်မက်မူ ဥစ္စာလျှောအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- ကျွဲထွက်ပြေးသည်ဟု မြင်မက်မူ ရန်သူ၊ ကျွန်အမှုလုပ်တို့ ပြေးအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- ကျွဲခတ်သည်ဟု မြင်မက်မူ ရန်ကြီးစွာ တွေ့ရအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- ကျွဲ၊ နွား၊ ဝက်၊ ဆင်၊ မြင်းတို့အား ကောင်းသော အခြင်းအရာဖြင့် မြင်မက်မူ နတ်စိမ်းတို့ နှစ်သက်အံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- ကျွဲ၊ နွား၊ ဝက်၊ မြေခွေး၊ လင်းတ တိရစ္ဆာန်တို့ကိုမြင်မက်မူ ဥပါဒ် ရောက်အံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- ကျွဲစီးရသည်ဟု မြင်မက်မူ ကျေးကျွန်ရအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- ကြာပန်းစသည်မြင်မက်မူ ဖျားနာအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- ကြာသွတ်အိုးနှင့် ရေချိုးရသည်ဟု မြင်မက်မူ သူတစ်ပါးတို့၏မှီခိုရာအဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- ကြာညိုပန်းကို ပန်ရသည်ဟု မြင်မက်မူ မယားကောင်းရအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- ကြာမျိုးငါးပါးအနံ့ကို ရှုရသည်ဟု မြင်မက်မူ တည်ကြည်စွာ ဂုဏ် သတင်းကျော်စောရအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။