“တ” · နှင့် ပတ်သက်သော အိပ်မက်များ
- တလားမှာ ဝင်သည်ကို မြင်မက်မူ သေအံ့။
- တူရိယာအမျိုးမျိုးတွင် စောင်းမှတစ်ပါး အခြားတူရိယာတို့ကိုတီး ရသည်ဟု မြင်မက်မူ မကောင်း။
- တန်ဆောင်းညှိဟု မြင်မက်မူ စာတတ်အံ့၊ ထင်ရှားအံ့။
- တန်ဆာဆင်ရသည်ဟု မြင်မက်မူ သူတစ်ပါး ရှိခိုးခံရအံ့။
- တံတားပေါ်လျှောက်ရသည်ဟူမြင်မက်မူ သောကရှိလျက် အလိုပြည့်အံ့။
- တံခွန်လွှားရသည်ဟု မြင်မက်မူ အကြီးအကဲဖြစ်အံ့။
- တံခွန်လှူရသည်ဟု မြင်မက်မူ ထင်ရှားအံ့။
- တောင်ဖျားတက်ရသည်ဟု မြင်မက်မူ လာဘ်ကြီးရအံ့။
- တောင်ကလပ်တက်နေသည်ဟု မြင်မက်မူ လက်ရှိ ရာထူးထက် မြင့်သောအဆင့်ကို ရအံ့။
- တောင်အရပ်သို့ သွားရသည်ဟု မြင်မက်မူ ရောဂါရအံ့။
- တောင်ထိပ်၌နေရသည်ဟု မြင်မက်မူ ပြည်သူ့ဝန်ထမ်းအကြီးအကဲ ဖြစ်အံ့။
- တောင်ပို့တက် ခေါင်းဖြီးရသည်ဟု မြင်မက်မူ သူတစ်ပါးတို့၏ ကိုးကွယ်ရာဖြစ်အံ့

အိပ်မက်ကျမ်း app ကို ရယူပါ
အိပ်မက်အဓိပ္ပါယ်များကို ဖုန်းထဲတွင် ပိုမြန်မြန် ရှာဖွေဖတ်ရှုပြီး ဆရာကိုလည်း မေးမြန်းနိုင်ပါသည်။