ပ နှင့် ပတ်သက်သော အိပ်မက်များ
အိပ်မက်အဓိပ္ပါယ်များ
- ပတ္တမြားရသည်ဟု မြင်မက်မူ သားကောင်း ရအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- ပါးစပ်ပဲ့သည်ဟု မြင်မက်မူ အလိုရှိသောစကားကို မပြောနိုင်ဘဲ ဆွံ့အနေအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- ပိတုန်းတုပ်သည်ဟု မြင်မက်မူ ရန်တွေ့အံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- ပျဉ်တလားတွင်းသို့ ဝင်ရသည်ဟု မြင်မက်မူ မကောင်း။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- ပွဲခံရသည်ကိုလည်းကောင်း၊ ပွဲလမ်းသဘင်ကိုလည်းကောင်း မြင်မက်မူ မကောင်း၊ သေပျောက်တတ်၏။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- ပခြုပ်တွင်း၌ မီးလောင်သည်ဟု မြင်မက်မူ လက်အောက် ငယ်သားတို့ တော်လှန်အံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- ပျားတုတ်ခံရသည်ဟု မြင်မက်မူ ရန်တွေ့အံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- ပျားရည်သောက်ရသည်ဟု မြင်မက်မူ ကြံသမျှ ပြီးစီး၍ လာဘ်ရအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- ပုပ်စော ဆီ၊ ရေတို့ နားတွင်းသို့ ဝင်သည်ဟု မြင်မက်မူ ဒုစရိုက်နှင့်စပ်သော မနှစ်သက်ဖွယ်ကို ကြားရအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- ပုခက်စီးရသည်ဟု မြင်မက်မူ ထင်ရှားကျော်စောအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- ပုဏ္ဍားကို စွဲလန်းမက်သော် လာဘ်ရအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- ပုဏ္ဍားရေသွန်း၍ စကားပြောသံကြားရသည်ဟု မြင်မက်မူ ရန်သူ လက်မှ လွတ်အံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- ပုဆိုးဖြူကို ဝတ်ရသည်ဟု မြင်မက်မူ အကြီးအကဲဖြစ်အံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- ပုဆိုးအသစ်၊ လုံချည်သစ်ကို မြင်မက်မူ ဘုန်းကျက်သရေ တိုးအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- ပြာသာဒ်ကြီးကို ပြုရသည်ဟု မြင်မက်မူ ဘုန်းကြီးအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- ပြာသာဒ်၊ တောစိုးသစ်ပင်၊ အထိကရသစ်ပင်၊ တောင်တို့ကို တက်စီးရသည်ဟု မြင်မက်မူ ချမ်းသာစီးပွားများအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- ပြာသာဒ်ထက်၌ အစားအစာကို စားရသည်ဟု မြင်မက်မူ အထူးကောင်းမွန်အံ့။ ပြာသာဒ်ထက်မှနေ၍ အရသာအဖျော်ကို သောက်ရသည်ဟု မြင်မက်မူ ချမ်းသာသုခ တစ်နေ့တခြားတိုးအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- ပန်းဖြူ ပန်ရသည်ဟု မြင်မက်မူ အကြီးအကဲ ဖြစ်အံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- ပန်းပန်ရသည်ဟု မြင်မက်မူ ဖျားနာအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- ပန်းကြာပန်ရသည်ဟု မြင်မက်မူ နာဖျားတတ်အံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- ပန်းနီပန်၍ ဖန်ရည်စွန်းသောအဝတ်ကို ဝတ်ရသည်ဟု မြင်မက်မူ ဘေးထိတတ်အံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- ပန်းထီးဆောင်းရသည်ဟု မြင်မက်မူ ကျော်စောအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- ပန်းစည်းမြင်မက်မူ ရာထူးရအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- ပန်းအမျိုးမျိုးတွင် မိမိကြိုက်နှစ်သက်သော ပန်း၏အနံ့ကို နမ်းရှူရသည်ဟု မြင်မက်မူ ကျက်သရေ ဂုဏ်သတင်း ပျံ့နှံ့အံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။