“မ” · နှင့် ပတ်သက်သော အိပ်မက်များ
- မကာရ်းကို ဖမ်းမက်မူ လာဘ်ရအံ့။
- မကောင်းသောရေကို သွန်းလာသည်ကို မက်မူ ပျက်စီးအံ့။
- မောင်းတိုဆောင်းရသည်ကို မြင်မက်မူ အကြီးအကဲ ဖြစ်အံ့။
- မျှော့တွယ်သည်ကို မြင်မက်မူ အကြီးအကဲဖြစ်အံ့။
- မုန်တိုင်းထန်သည်ကို မြင်မက်မူ ကြောင့်ကြများအံ့။ စိုးရိမ်သောကများအံ့။
- မြစ်ရေသောက်ရသည်ကို မြင်မက်မူ သူတစ်ပါးတို့ထက် ကျော်စောထင်ရှားအံ့။
- မှိုချက်စားရသည်ကို မြင်မက်မူ လာဘ်ရအံ့။
- မစင်လိမ်းကျန်ရသည်ကို မြင်မက်မူ ပစ္စည်းဥစ္စာရအံ့။
- မိုးရေထဲ ပျော်ပါးရသည်ကို မြင်မက်မူ ဥစ္စာပစ္စည်းရအံ့။
- မန်ကျည်းသီး စားရသည်ကို မြင်မက်မူ သူကောင်းဖြစ်အံ့။
- မြင့်သောအရပ်ကို တက်ရသည်ဟု မြင်မက်မူ လူတကာတို့ထက်မြင့်မြတ်ရအံ့။
- မြင့်ရာမှ နိမ့်ကျသည်ဟု မြင်မက်မူ မကောင်း။
- မြင်းမိုရ်တောင်သို့ တက်ရသည်ဟု မြင်မက်မူ လူချစ်လူခင်များအံ့။
- မြင်းမိုရ်တောင် ခေါင်းအုံးရသည်ကို မြင်မက်မူ လူအများ ပူဇော်ခြင်းကို ခံရအံ့။
- မြေဇာပန်း ပန်ရသည်ဟု မြင်မက်မူ ပညာရှိ ဆရာတစ်ဆူဖြစ်အံ့။
- မြေတူးရသည်ဟု မြင်မက်မူ မကောင်း။
- မြွေပွေး၊ မြွေဟောက်ကိုက်လိုက်သည်ကို မြင်မက်မူ လူဆိုးတို့လိမ်ရန် လာအံ့။
- မြွေစိမ်းကိုက်သည်ကို မြင်မက်မူ လူလိမ်တွေ့ရအံ့။
- မြွေခံသည်ကို မြင်မက်မူ လာဘ်ရအံ့။
- မြွေခဲသည်ကို မြင်မက်မူ သားသမီးရ၍ အစွဲရှိအံ့။
- မြွေကို ခါးပိုက်ပိုက်ရသည်ကို မက်မူ အတွင်းရန်ဖြစ်ပေါ်အံ့။
- မြွေကိုက်သည်ကို မြင်မက်မူ လူလိမ်ခံရအံ့။
- မြွေငန်းစီးရသည်ဟု မြင်မက်မူ ရောဂါဖြစ်အံ့။
- မီးတငွေ့ငွေ့မြင်မက်မူ စိတ်နှလုံးပူပန်ရအံ့။
- မီးမှုတ် မက်မူ အကြီးအကဲဖြစ်အံ့။
- မီးတန်ဆောင် ညှိထွန်းရသည်ဟု မြင်မက်မူ ပညာတတ်အံ့။
- မီးထည့်ရသည်၊ မီးဖုတ်ရသည်၊ မီးရှို့ရသည်၊ မီးတိုက်ရသည်ဟုမြင်မက်မူ ရပ်ရွာကြီးကဲ ဖြစ်အံ့။
- မီးပုံမှ အခိုးအလျှံထွက်သော မီးကို မြင်မက်မူ ပညာရှိ ပေါ်ထွန်းအံ့။
- မျက်စိထွက်သည်ဟု မက်မူ သားသမီးတို့ ထွက်ပြေးတတ်အံ့။
- မျက်စိပျက်သည်ဟု မက်မူ မှားယွင်းသော အယူကိုရအံ့။
- မျက်စိ၌ မျက်ချီးများသည်ဟု မြင်မက်မူ အရှိန်အစော်မဲ့အံ့။
- မျက်စိ၌ တိမ်သလ္လာကျသည်ဟု မြင်မက်မူ အသိဉာဏ်နည်းပါးအံ့။
- မျက်စိ၌ အမှိုက်ဝင်သည်ဟု မြင်မက်မူ အနိဠာရုံကို ရအံ့။
- မျက်စိကြည်လင်သည်ဟု မြင်မက်မူ ကောင်းသော ဉာဏ်တိုးအံ့။
- မျက်စိဖွင့်သည်ဟုမြင်မက်မူကောင်းကျိုး၊ မကောင်းကျိုးကို မြင်ရအံ့။
- မျက်စိမှိတ်သည်ဟု မြင်မက်မူ အရမ်းကာရော ပြုမိအံ့။
- မိန်းမအမွေးအမျှင်ရှည်သည်ကို မြင်မက်မူ ချမ်းသာအံ့။
- မိန်းမကို နားထွင်းရသည်ဟု မြင်မက်မူ ရွှေရအံ့။
- မ်ိန်းမနှင့် အတူ အိပ်ရသည်ဟု မြင်မက်မူ လာဘ်ရအံ့။
- မိန်းမကို ဆွဲရသည်ဟု မြင်မက်မူ ချမ်းသာကြွယ်ဝအံ့။
- မိကျောင်းသား စားရသည်ဟု မြင်မက်မူ လာဘ်ကြီးအံ့။
- မိကျောင်းစွယ်ကို ရင်ခွင်ပိုက်သည်ဟု မြင်မက်မူ ရာထူးကြီးအံ့။
- မိကျောင်းစီးရသည် မြင်မက်မူ ရန်သူကို နိုင်အံ့။
- မိကျောင်းဖမ်းသည် မြင်မက်မူ လာဘ်ရအံ့။
- မိမိအူကို ထုတ်၍ ပတ်ရသည်ဟု မြင်မက်မူ သြဇာအာဏာ အရှိန်အဝါကြီးမားအံ့။
- ဘုရားဓာတ်တော်မြင်ရသည်ဟုမြင်မက်မူ ကျက်သရေ တိုးတက်အံ့။

အိပ်မက်ကျမ်း app ကို ရယူပါ
အိပ်မက်အဓိပ္ပါယ်များကို ဖုန်းထဲတွင် ပိုမြန်မြန် ရှာဖွေဖတ်ရှုပြီး ဆရာကိုလည်း မေးမြန်းနိုင်ပါသည်။