ရ နှင့် ပတ်သက်သော အိပ်မက်များ
အိပ်မက်အဓိပ္ပါယ်များ
- ရယ်စရာပြုမက်မူ ဝမ်းမြောက်စရာ ကိစ္စဖြစ်အံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- ရွှံ့ နားဝင်မက်မူ ကျက်သရေ ယုတ်အံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- ရွှံ့စင်၊ ရွှံ့ထိမက်မူ မကောင်းသတင်း ဖြစ်အံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- ရုပ်ထုကို ဖက်ရသည် မြင်မက်မူ ချမ်းသာကြွယ်ဝအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- ရထားစီးရသည်ကို မြင်မက်မူ မယားကောင်းရအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- ရှောက်သီး၊ သံပုရာသီး စားရသည်ကို မက်မူ လာဘ်ရအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- ရဟတ်ကို မြင်မက်မူ မကောင်း။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- ရဟန်း၊ ပုဏ္ဏားနှင့် စကားပြောရ မြင်မက်မူ ချမ်းသာအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- ရဟန်း၊ ပုဏ္ဏားနှင့် ကြုံရ မြင်မက်မူ ချမ်းသာအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- ရဟန်းသာမဏေ၊ ရသေ့တို့၏ မကောင်းသောအခြင်းအရာ မြင်မက်မူ သမ္မာဒေဝနတ်တို့ မုန်းသဖြင့် ဥပါဒ်ရောက်အံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- ရေအိုးတွင် လ ကျသည်ဟု မြင်မက်မူ ဘုန်းတန်ခိုးကြီးအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- ရေသောက်ရသည်ဟု မြင်မက်မူ ဂုဏ်သတင်းတိုးအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- ရေကန်၏အလယ် ကြာထက်၌ နို့ဃနာ စားရသည်ကို မြင်မက်မူသူတစ်ပါးထက် ကြီးကျယ်မြင့်မြတ်သူ ဖြစ်အံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- ရေထဲ၌ မြွေ၊ ကင်းတို့ကို မြင်မက်မူ ချမ်းသာရောက်အံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- ရေနောက်ကို မြင်မက်မူ အလွန်စိတ်မချမ်းသာအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- ရေကြည်ကို မြင်မက်မူ အလွန်စိတ်ချမ်းသာအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- ရွှေခွက်နှင့်ထည့်၍ ထမင်းစားရသည် မြင်မက်မူ ထီပေါက်အံ့။ (သို့) ကြီးကျယ်သော လာဘ်ရအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- ရွှေငွေအား အစိုးရသည်ကို မြင်မက်မူ ချမ်းသာအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- ရွှေလက်ကောက်ဝတ်မက်မူ ကြီးသောသူတို့ ချီးမြှင့်ခံရအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- ရွှေဟင်္သာ တရားဟောသည်ကို နာကြားရသည်ဟု မြင်မက်မူ ဘုန်းကျက်သရေတိုးအံ့၊ စိတ်ချမ်းသာအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- ရွှေလက်ဖွဲ့ဝတ်ရသည်ဟု မြင်မက်မူ ယောက်ျား၌ မယားရအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- ရွှေရတနာ ပတ္တမြားစသော ရတနာတို့ကို မြင်မက်မူ ကောင်းကျိုးရအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- ရွှေကိုဖြစ်စေ၊ ငွေကိုဖြစ်စေ မြင်မက်မူ ယောက်ျားမှာ မယားကောင်းရအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။