သ နှင့် ပတ်သက်သော အိပ်မက်များ
အိပ်မက်အဓိပ္ပါယ်များ
- သိန္ဓောမြင်းက်ို ရသည်ဟု မြင်မက်မူ အသက်ရှည်အံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- သွားနာသည်၊ နဲ့သည်၊ ယိုင်သည် မြင်မက်မူ ဥစ္စာလျှောအံ့။ ဖျားနာအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- သင်္ဘောစီးရသည် မြင်မက်မူ သူတစ်ပါးထက် မြတ်အံ့။ ယောက်ျားမက်မူ မယားရအံ့။ မိန်းမမက်မူ လင်ရအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- သေသူထသည်မြင်မက်မူ စကားဟောင်းပေါ်အံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- သေရည်သေရက် သောက်ရသည်ဟု မြင်မက်မူ ကြောင့်ကြများအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- သပတ်၊ ပရိက္ခရာတို့ကို မြင်မက်မူ လာဘ်ရအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- သာယာသောအသံကို ကြားရသည်ဟု မြင်မက်မူ စိတ်ချမ်းသာ၍ သတင်းကောင်းကြားရအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- သူ့မျက်စိ၊ သူ့ဦးခေါင်းထုတ်မြင်မက်မူ စည်းစိမ်ဥစ္စာများအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- သူခိုးကို ခုတ်ဖြတ်ရသည် မြင်မက်မူ အန ္တရာယ်ပျောက်အံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- သူတစ်ပါး သားမယားကို ကျူးလွန်သည်ဟု မြင်မက်မူ မကောင်း၊ ဖျားနာအံ့။ သူတစ်ပါးကို စည်းတား ကန့်ကွက်ရသည်ဟု မြင်မက်မူ မကောင်း။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- သူငယ်ကို ချီရသည်ကို မြင်မက်မူ လာဘ်ရအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- သူကောင်းကို ချီရသည်ကို မြင်မက်မူ လာဘ်ရအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- သူတောင်းစားကို မြင်မက်မူ စစ်သည်ဗိုလ်ပါ ဖြစ်အံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- သစ်သီးလွယ်ပိုးရသည်ဟု မြင်မက်မူ ကောင်းအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- သစ်သီးစားရသည်၊ မြိန်သောအရသာကို စားရသည်ကို မြင်မက်မူ လာဘ်ကြီးအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- သားငါးစားရ၊ မိချောင်းစားရ မြင်မက်မူ လာဘ်ကြီးအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- သားသမီးရသည် မြင်မက်မူ ချမ်းသာအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- သမုဒ္ဒရာရေကို သောက်ရသည် မြင်မက်မူအလွန်ကျော်စော ထင်ရှားအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- သမုဒ္ဒရာ၌ အိပ်ရာပြု၍ မိန်းမပေါင်းခြံရံလျက်ကာမဂုဏ်ခံစားရ သည် ကို မြင်မက်မူ မင်းစိုးရာဇာဖြစ်အံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- သမုဒ္ဒရာကိုရေကူးရသည်ကိုမြင်မက်မူ တိုင်းပြည်ခေါင်းဆောင်ဖြစ်အံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- သွေးကိုလည်းကောင်း၊ မြေပြင်၌ လက်နက်တိုက်ကိုလည်းကောင်း၊ မြူတိမ်ကင်းစော ကောင်းကင်ကိုလည်းကောင်း၊ နတ်ကိုလည်း ကောင်း၊ ပုဏ္ဏားကိုလည်းကောင်း မြင်မက်မူ ချမ်းသာအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- သွေးပေါက်ယိုစီးသည်ဟု မြင်မက်မူ ဘုန်းကြီးအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- သွေးကို ရေချိုးရသည်ဟု မြင်မက်မူ ချမ်းသာအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။