အ နှင့် ပတ်သက်သော အိပ်မက်များ
အိပ်မက်အဓိပ္ပါယ်များ
- အပုပ်စား မြင်မက်မူ လာဘ်ရအံ့။ ၎င်းအပုပ်စားပြီး အန်မက်မူ မကောင်း။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- အနှောင်အဖွဲ့ မြင်မက်မူ ဥစ္စာရအံ့။ အမှုများ မြင်မက်မူ အလွန်ကောင်းအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- အသံသည်းစွာ ငိုကြွေးရ မြင်မက်မူ ထင်ရှားအံ့။ စည်းစိမ်များအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- အခိုးအလျှံတောင်သော မီးပုံကို မြင်မက်မူ လာဘ်ရအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- အုတ်ခဲပစ်သည်ဟုမြင်မက်မူ အမှုရောက်အံ့။ တစ်နည်းမြင့်မြတ်အံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- အသီးရှိသော သရက်ပင်၊ ဥသျှစ်ပင်တို့ကို မြင်မက်မူ ဥစ္စာတိုးပွားအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- အောက်ရှေ့သွားကျိုးသည်ဟု မြင်မက်မူ မကောင်း။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- အသီးရှိသော သစ်ပင်သို့ တက်ရသည်ဟု မြင်မက်မူ ချမ်းသာအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- အူအပြင်ထွက်သည်ဟု မြင်မက်မူ ကျော်စောအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- အပုပ်အစပ်ကို မြင်မက်မူ လာဘ်ရအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- အရပ်လေးမျက်နှာ လူသူလေးပါးလာသည်ဟု မြင်မက်မူ လာဘ် ရအံ့။ အလွန်ကြီးသော ကျွဲ၊ နွားမြင်မက်မူ အလွန်ကောင်းအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- အယူမှားသော သူကို မြင်မက်မူ မိစ္ဆာနတ် နှောင့်ယှက်တတ်အံ့။အလိုမတူသူနှင့် ပေါင်းဖော်ရသည်ဟု မြင်မက်မူ သေတတ်အံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- အထက်ရှေ့သွားကျိုးသည်ဟု မြင်မက်မူ သား၌ ဥပါဒ်ဖြစ်အံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- အဆင်းလှသော ဦးပြည်ကတုံးမိန်းမနှင့် ကာမစပ်ယှက်သည် ဟုလည်းကောင်း၊ ထိပါးရသည်ဟုလည်းကောင်း မြင်မက် မူ ယောက်ျားမြတ်တို့၏ ဆရာခံရအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- အစွယ်ရှိသော သတ္တဝါ၊ ဦးချိုရှိသော သတ္တဝါနှင့် မျောက်၊ ဝက်တို့၏ အနှိပ်စက်ခံရသည်ဟု မြင်မက်မူ ရာဇဝတ်သင့်အံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- အနှိပ်စက်ခံရသည်ဟု မြင်မက်မူ သွားလေရာအရပ်တိုင်းလာဘ်ရအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- အရူးလှည့်ပတ်ခံရသည်ဟု မြင်မက်မူ သွားလေရာ အရပ်တိုင်း လာဘ်ရအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- အဝတ်ရွှေရောင်ဝတ်သော အမျိုးသမီးသည် ရွှေရောင်ပန်းကို ပန်လျက် တစ်စုံတစ်ခုစွဲကိုသ်သည်ကို မြင်မက်မူ ရာထူးကြီးကိုရ အံ့။ အဝတ်ဖြူဝတ်သော အမျိုးသမီးသည် ဖြူသော ပန်းကိုပန် လျက် တစ်စုံတစ်ရာကိုကိုင်သည်ကို မြင်မက်မူ ကြီးပွားတိုးတက်အံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- အဝတ်မည်းကို ဝတ်သော သတို့သမီးသည် မည်းသောပန်းကို ပန်လျက် တစ်စုံတစ်ခု စွဲကိုင်သည်ကို မက်မူ သေပျောက်တတ်အံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- အိုးလည်ပြတ်သည်ကို မြင်မက်မူ မကောင်း။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- အိုးမည်းလိမ်းကျံရသည်ဟု မြင်မက်မူ မကောင်း။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- အေးယာဉ်စီးရသည်ဟူ၍လည်းကောင်း၊ ဝက် စီးရသည်ဟူ၍ လည်းကောင်း မြင်မက်မူ သေအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- အုန်းသီး၊ ထန်းသီးစားရသည်ဟု မြင်မက်မူ လာဘ်ရအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- အုန်းသီး၊ ထန်းသီးကို မြင်မက်မူ လာဘ်ရအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- အ်ိမ်ရာထောင်ရသည်ဟု မြင်မက်မူ လာဘ်ရအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- အိမ်သစ်ထက်၌ စောင်းတီးသည်ဟု မြင်မက်မူ မင်းဆရာဖြစ်အံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- အိမ်တွင် ခရမ်းပင်စိုင်သည်ဟု မြင်မက်မူ မကောင်း။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- အိမ်ဝင်းထဲ၌ ဆင်၊ မြင်း၊ နွားသွားသည်ကို မြင်မက်မူ ကောင်းကျိုးရအံ့။ အိမ်ခေါင်မိုးသို့တက်၍ ရေသောက်ရသည်ဟု မြင်မက်မူ အကြီးအကဲဖြစ်အံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- အိမ်ပြို၊ ဘုရားပြို၊ သစ်ပင်ကျိုးသည်ကို မြင်မက်မူ ဘေးရောက်အံ့။ အိမ်ဝန်းကျင်၌ မှိုပေါက်သော် မိုးကြိုးကျအ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- အိမ်မီးလောင်သည်ဟု မြင်မက်မူ ဘေးရောက်အံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- အိမ်ရှိသည့်အရပ်၌ လဟာပြင်ကွင်းအထိ မြင်မက်မူ ၎င်းအရပ်၌ မီးလောင်အံ့။ အိမ်၌ ထင်းပေါက်ရသည်ဟု မြင်မက်မူ မိုးကြိုးကျအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- အိမ်စောင်း၍ သွားသည်ဟု မြင်မက်မူ ဖရိုဖရဲ အရှက်ကွဲအံ့။ အိမ်ပြုသွားသည်ဟု မြင်မက်မူ အိမ်ရှင်တို့ အရှက်ရ၍ အကျိုးမဲ့အံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- အိမ်ကို ဆူးရံသည်ဟု မြင်မက်မူ (သို့မဟုတ်) စည်းစောင်ရမ်း ကာရံသည်ဟု မြင်မက်မူ ချမ်းသာအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။