လ နှင့် ပတ်သက်သော အိပ်မက်များ
အိပ်မက်အဓိပ္ပါယ်များ
- လယ်၌ ကြာရောက်သည် ကြာပေါက်သည်ကို မြင်မက်မူ အများ၏ခေါင်းဆောင်ဖြစ်အံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- လိင်တိုသည်ကို မြင်မက်မူ မယားအနိုင်ကျင့်ခံရအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- လိပ်၊ ငါး ဖမ်းရသည် မြင်မက်မူ ဆန် စပါး ရအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- လိပ်ဥ၊ ဖွပ်ဥမှစ၍ ဥအမျိုးမျိုးစားရသည်ကို မြင်မက်မူ ဆင်းရဲသော်လည်း ကြွယ်ဝချမ်းသာအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- လိပ်၊ ငါး စားရသည်ကို မြင်မက်မူ စပါးဆန်ရေ အစားအစာပေါကြွယ်ဝအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- လေးမျက်နှာမှလာ၍ ခိုးသူကို ဖမ်းမက်မူ ချမ်းသာအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- လဲသည်ဟု မြင်မက်မူ တရားရှုံးအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- လက်ယာနား ကြီးသည်ဟု မြင်မက်မူ ဆွေရင်းမျိုးရင်း မိတ်ဆွေတို့ကြီးပွားအံ့။ လက်ဝဲနား ကြီးသည်ဟု မြင်မက်မူ ဆွေရင်းမျိုးရင်းမိတ်ဆွေတို့ ညှိုးနွမ်းအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- လက်ယာဘက်လက်ချောင်း ပြတ်သည်ဟု မြင်မက်မူသားနှင့်ညီတို့၏ သားသမီးများ ပျက်စီးအံ့။ လက်ဝဲလက်ချောင်းပြတ်သည်ဟုမက်မူ သမီးနှင့်ညီမတို့၏ သားသမီးများ ပျက်စီးအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- လက်ဝဲလက်ချောင်း ပွန်းပဲ့သည်ဟု မြင်မက်မူ သမီးနှင့်ညီမတို့၏သားသမီးများ နာဖျားအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- လက်ယာလက်ချောင်း ပွန်းပဲ့သည်ဟု မြင်မက်မူ သားနှင့် ညီတို့၏သားသမီးများ နာဖျားအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- လက်ဝဲဘက် လက်ငါးချောင်းတွင် တစ်ချောင်းကြီးသည် မြင်မက်မူ သမီးနှင့် ညီမတို့၏ သားသမီးများ ကြီးပွားအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- လက်ယာဘက် လက်ငါးချောင်းတွင် တစ်ချောင်းကြီးသည် မြင်မက်မူ သားနှင့်ညီတို့၏ သားသမီးများ ကြီးပွားအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- လက်ဝဲလက်မောင်း သွေးယိုသည်ဟု မြင်မက်မူ ညီမ၊ သမီးတို့ တစ်ပါးသို့ ပြောင်းရွှေ့သွားအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- လက်ယာလက်မောင်းသွေးယိုသည်ဟု မြင်မက်မူ ညီ၊ သားတို့တစ်ရပ်တစ်ပါးသို့ ပြောင်းရွှေ့သွားရအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- လက်ယာလက်မောင်းကြုံလှီသည် မြင်မက်မူ ညီနှင့် သားတို့ နာဖျားအံ့။ လက်ဝဲလက်မောင်း ကြုံလှီသည်ကို မြင်မက်မူ နှမနှင်သမီးတို့ နာဖျားအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- လက်ဝဲလက်ရုံးပဲ့သည် မြင်မက်မူ နှမ၊ သားသမီးတို့ နာဖျားအံ့၊။မိန်းမမက်မူ သမီး၊ ညီမတို့ နာဖျားအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- လက်ယာလက်ရုံး ပွန်းပဲ့သည်ဟု မြင်မက်မူ နှမ၊ သားသမီးတို့နာဖျားအံ့။ မိန်းမမက်မူ သမီး၊ ညီမတို့ နာဖျားအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- လက်ယာလက်မောင်းကြီးသည် မြင်မက်မူ သား၊ညီတို့ကြီးပွားချမ်းသာအံ့။ မြင်မက်သူက မိန်းမဖြစ်မူ သားအကြီး၊ မောင်အကြီးတို့ ကြီးပွားချမ်းသာအံ့။ လက်ဝဲလက်မောင်းကြီးသည်ဟု မြင်မက်မူ သမီး၊ နှမတို့ ကြီးပွားအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- လက်ယာခြေသလုံးပဲ့သည် မြင်မက်မူ အမျိုးယောက်ျားတို့ နာဖျားအံ့။ လက်ဝဲခြေသလုံးပဲ့သည် မြင်မက်မူ အမျိုးမိန်းမတို့ဖျားနာအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- လက်ယာခြေသလုံး ကြုံလှီသည် မြင်မက်မူ အမျိုးယောက်ျားတို့နွမ်းနယ်အံ့။ လက်ဝဲခြေသလုံး ကြုံလှီသည် မြင်မက်မူ အမျိုးမိန်းမတို့နွမ်းနွယ်အံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- လက်ဝဲခြေသလုံးကြီးသည် မြင်မက်မူ အမျိုးမိန်းမတို့ ကြီးပွားအံ့။ အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- လက်ယာခြေသလုံးကြီးသည် မြင်မက်မူ အမျိုးယောက်ျားတို့ ကြီးပွားအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- လက်ဝဲပေါင်ပဲ့သည်ကို မြင်မက်မူ အမျိုးမိန်းမတို့ နာဖျားအံ့။ လက်ယာပေါင်ပဲ့သည်ကို မြင်မက်မူ အမျိုးသားယောက်ျားတို့ ဖျားနာအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- လက်ယာပေါင် ကြုံလှီသည်ကို မြင်မက်မူ ကိုယ့်အောက်ငယ်သူအမျိုးယောက်ျားတို့ ညှိုးနွမ်းအံ့။ လက်ဝဲပေါင် ကြုံလှီသည်ကိုမြင်မက်မူ ကိုယ့်အောက်ငယ်သူ အမျိုးသမီးတို့ ညှိုးနွမ်းအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- လက်ယာပေါင်ကြီးသည်ကို မြင်မက်မူ ကိုယ့်အောက်နိမ့်သူ အမျိုးသားတို့ ကြီးပွားအံ့။ လက်ဝဲပေါင်ကြီးသည် မြင်မက်မူ ကိုယ့်အောက်နိမ့်သူ အမျိုးသမီးတို့ ကြီးပွားအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- လက်ယာလက်သဲပွင့်သည်ကို မြင်မက်မူ သား၌ လာဘ်ရအံ့။ လက်ဝဲလက်သဲပွင့်သည်ကို မြင်မက်မူ သမီး၌ လာဘ်ရအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- လက်ဝဲခြေသည်းပွင့်သည်ကို မြင်မက်မူ အမျိုးသမီး၌ လာဘ်ရအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- လက်ယာခြေသည်းပွင့်သည် မြင်မက်မူ အမျိုးသား၌ လာဘ်ရအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- လက်ယာခြေသည်း ပုပ်သည် မြင်မက်မူ အမျိုးသား၌ နာဖျားအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- လက်ဝဲခြေသည်းပုပ်သည် မြင်မက်မူ အမျိုးသမီး နာဖျားအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- လက်သည်းရှည်သည် မြင်မက်မူ အသက်ရှည်အံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- လက်ဝဲလက်သည်း ပုပ်သည် မြင်မက်မူ သမီးဖျားနာအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- လက်ယာလက်သည်း ပုပ်သည် မြင်မက်မူ သား နာဖျားအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- လက်ဝဲလက်ချောင်းတို့ ကြီးသည်ကို မြင်မက်မူ အမျိုးသမီးတို့ကြီးပွားအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- လက်ယာလက်ချောင်းတို့ ကြီးသည်ကို မြင်မက်မူ အမျိုးသားတို့ကြီးပွားအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- လောက်ဖမ်းရသည်ကို မြင်မက်မူ အစားအသောက် ဆန်စပါး ပေါများအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- လည်ပင်းတိုသည် မြင်မက်မူ နာဖျားတတ်အံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- လက်ဝါးထက် ကြာပန်းရောက်သည်ကို မြင်မက်မူ ကျော်စောအံ့။လွှားကစားရသည်ကို မြင်မက်မူ မကောင်း။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- လက်စွပ်ဝတ်ရသည်ဟု မြင်မက်မူ သူစွပ်စွဲအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- လက်ဝဲ အံသွားကျိုးသည်ကို မြင်မက်မူ အမျိုးမိန်းမတို့၌ ဥပါဒ်ဖြစ်အံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- လက်ယာအံသွားကျိူးသည်ကို မြင်မက်မူ အမျိုးယောက်ျားတို့၌ဥပါဒ်ဖြစ်အံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- လူ၏ ဦးခေါင်းကို စားရသည်ကို မြင်မက်မူ ထင်ရှားကျော်ကြားအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- လူတို့၏ အူအချင်းကို စားရသည် မြင်မက်မူ ကြွယ်ဝချမ်းသာအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- လက်ကိုလည်းကောင်း၊ ပေါင်ကိုလည်းကောင်း၊ ရင်ကိုလည်း ကောင်း ကျော့ကွင်းဖွဲ့မြင်မက်မူ သားသမီးရအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- လက်ကောက်ဝတ်ဆင်မက်မူ သားကောင်းရအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- လက်ကောက်၊ နားထောင်း၊ ဆံကျင် ဝတ်ရသည်ကို မြင်မက်မူရာထူးရာခံရအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- လက်ကောက်၊ လက်စွပ်၊ ခြေကျင်း ဝတ်ရသည်ဟု မြင်မက်မူသား ကောင်းရအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- လှည်းဘီးကို မြင်မက်မူ အကြီးအကဲဖြစ်အံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- လှည်း၊ ပျဉ်၊ တံစဉ်း၊ ဆုံ၊ ချားရဟတ်ကို မြင်မက်မူသူမကောင်းကြံတတ်အံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- လူသားစားရသည်ကို မြင်မက်မူ အထွတ်အထိပ်သို့ ရောက်အံ့။လူသားကို ဓားနှင့်လှီး၍ စားရသည်ကို မြင်မက်မူ လူဖြစ်လျှင်အကြီးအကဲဖြစ်အံ့။ ရဟန်းဖြစ်မူ မင်းဆရာ သာသနာပိုင်ဖြစ်အံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- လူဦးခေါင်းပြတ်သည်ကို မြင်မက်မူ ရန်အောင်အံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- လူသေကို မြင်မက်မူ စကားဟောင်းပေါ်အံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- လက်ကတုံးတိုင် လဲသည် မြင်မက်မူ ကိုးကွယ်ထားသော အကြီးအကဲ သေအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- လက်ကတုံးတိုင်မ လဲသည်ကို မြင်မက်မူ မယားသေအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- လက်နက်ကို ဖက်ရသည်ဟု မြင်မက်မူ ချမ်းသာအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- လှေစီးလျက် မြစ်ကို ပင်ပန်းစွာ ကူးရသည်ဟု မြင်မက်မူ အရပ်တစ်ပါးပြောင်းပြီး ပြန်ရအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- လှေစီးစဉ် ရေနစ်သည်ဟု မြင်မက်မူ ပစ္စည်းဥစ္စာပျက်စီးအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။
- လှေစီးရသည်ကို မြင်မက်မူ ချမ်းသာတိုးအံ့။အဓိပ္ပါယ်ကို ကြည့်ရန် ဖွင့်ပါ။