အက္ခရာ · လလယ်၌ ကြာရောက်သည် ကြာပေါက်သည်ကို မြင်မက်မူ အများ၏ခေါင်းဆောင်ဖြစ်အံ့။
ဆက်စပ် အိပ်မက်များ
- လိင်တိုသည်ကို မြင်မက်မူ မယားအနိုင်ကျင့်ခံရအံ့။
- လိပ်၊ ငါး ဖမ်းရသည် မြင်မက်မူ ဆန် စပါး ရအံ့။
- လိပ်ဥ၊ ဖွပ်ဥမှစ၍ ဥအမျိုးမျိုးစားရသည်ကို မြင်မက်မူ ဆင်းရဲသော်လည်း ကြွယ်ဝချမ်းသာအံ့။
- လိပ်၊ ငါး စားရသည်ကို မြင်မက်မူ စပါးဆန်ရေ အစားအစာပေါကြွယ်ဝအံ့။
- လေးမျက်နှာမှလာ၍ ခိုးသူကို ဖမ်းမက်မူ ချမ်းသာအံ့။
- လဲသည်ဟု မြင်မက်မူ တရားရှုံးအံ့။
- လက်ယာနား ကြီးသည်ဟု မြင်မက်မူ ဆွေရင်းမျိုးရင်း မိတ်ဆွေတို့ကြီးပွားအံ့။ လက်ဝဲနား ကြီးသည်ဟု မြင်မက်မူ ဆွေရင်းမျိုးရင်းမိတ်ဆွေတို့ ညှိုးနွမ်းအံ့။
- လက်ယာဘက်လက်ချောင်း ပြတ်သည်ဟု မြင်မက်မူသားနှင့်ညီတို့၏ သားသမီးများ ပျက်စီးအံ့။ လက်ဝဲလက်ချောင်းပြတ်သည်ဟုမက်မူ သမီးနှင့်ညီမတို့၏ သားသမီးများ ပျက်စီးအံ့။

အိပ်မက်ကျမ်း app ကို ရယူပါ
အိပ်မက်အဓိပ္ပါယ်များကို ဖုန်းထဲတွင် ပိုမြန်မြန် ရှာဖွေဖတ်ရှုပြီး ဆရာကိုလည်း မေးမြန်းနိုင်ပါသည်။